ဒီပြဿနာကတော့ ကျွန်တော်တို့ ၀င်းဒိုးကို ၀င်လိုက်တာနှင့် အပေါ်ကပုံမှာ ပြထားတဲ့အတိုင်း
Microsoft Windows XP Professional
Microsoft Windows XP Professional Setup
ဆိုပြီးပေါ်လာပါတယ် အဲဒီမှာ System တစ်ခုကို ရွေးပြီ Enter ခေါက်မှ ၀င်းဒိုး ၀င်လို့ရပါတယ်၊
ဒီလိုမျိုးဖြစ်တာ အများအားဖြင့် ၀င်းဒိုး နှစ်ခုထပ်ပြီးတင်မိတဲ့အခါဖြစ်တတ်ပြီး တခြားပြဿနာတွေ ကြောင့်လည်းဖြစ်တတ်ပါတယ်၊
ဖြေရှင်းနည်းကတော့ ..........
1.My computer ကို Right click ထောက်ပြီး Properties ကိုရွေးပါ၊
2.Advanced ကိုနှိပ်ပြီး Startup and Recovery အောက်က Settings ကိုနှိပ်ပါ၊
3.Startup and Recovery ပွင့်လာလျှင် System startup ကိုစစ်ဆေးကြည့်ပါ အဲဒီမှာ စာကြောင်းနှစ်ကြောင်းဖြစ်နေပါလိမ့်မည်၊ ပုံမှန်အားဖြင့် တစ်ကြောင်းပဲရှိပါတယ်၊
Edit ကိုနှိပ်ပါ(Boot.ini ဖိုင်ကိုပြင်ဆင်ရန်အတွက်)
4.Boot.ini ဖိုင် Notepad နှင့်ပွင့်လာလျှင် အောက်ကပုံအတိုင်း အ၀ါရောင် စာကြောင်းကို copy ကူးပြီး အစိမ်းရောင် စာကြောင်းမှာ အစားထိုးလိုက်ပါ ပြီးတော့ အနီရောင် စာကြောင်းကိုတော့ Delete လုပ်လိုက်ပါ၊
5.အောက်ကပုံအတိုင်း ဖြစ်နေရပါမယ် ပြီးလျှင် အဲဒီ Notepad ကို Save လုပ်ပြီး ပိတ်လိုက်ပါ၊
6.Hidden ဖိုင်တွေကို ပြန်ဖော်ဖို့အတွက် My computer > Tools > Foldet Options > View သို့သွားပြီး အောက်ကပုံမှာ ၀ိုင်းပြထားတဲ့ အနေထားအတိုင်းလုပ်ပါ၊
7.My computer >Local Disk (C:) ကိုဖွင့်ပါ၊ အဲဒီမှာ အောက်ကပုံမှာ အနီရောင်နှင့် ၀ိုင်းပြထားတဲ့ ဖိုင်တွေကိုရှာပြီး Delete လုပ်လိုက်ပါ ( တစ်ခါတလေ တစ်ချို့စက်တွေ အောက်က၀ိုင်းပြထားသလို မဟုတ်ဘဲ Folder Name တွေမတူတာမျိုးလည်း ရှိတတ်ပါတယ် )
အားလုံးပြီးရင်တော့ စက်ကို Restart လုပ်လိုက်ပါ။ (အဆင်ပြေကြပါစေ




















Firefox 19.0 Beta 4
Evernote 4.6.2.7927
Free Download Manager 3.9.2 build 1294
0 comments:
Post a Comment